ဆိုင်ရဲ့ အကောင်းဆုံး customers 🏅တွေကို အထိုက်တန်ဆုံး လက်ဆောင်တွေ🎁၊ ပြီးတော့သူများတွေနဲ့မတူတဲ့ဝန်ဆောင်မှုတွေကို tiered program နဲ့ပေးကြရအောင် ။
Tiered membership program က တော့ members တွေစုထားတဲ့ points တွေပေါ်မူတည်ပြီး အဆင့်တွေခွဲထားလို့ရပါတယ် ၊ အဆင့်တွေတက်လာတာနဲ့ ပိုမိုကောင်းမွန်တဲ့ လက်ဆောင်တွေ နဲ့ ဝန်ဆောင်မူတွေ ကိုရယူနိုင်မှာပါ
ကျွန်တော်တို့ game ကစားသလိုပဲ level တစ်ခုပြီးလို့ နောက်တစ်ခုတက်ရင် ပိုခက်ခဲတဲ့ စိန်ခေါ်မူတွေနဲ့ရင်ဆိုင်ရမယ် ၊ အဲ့ဒါတွေကိုကျော်ဖြတ်နိုင်ရင် ပိုထိုက်တန်တဲ့ ဆုလာဘ်တွေကိုရမယ် … ကျွန်တော်တို့တွေကအဲ့ဒီ game play loop ထဲမှာပဲ အဆင့်တွေတက်ဖို့ ကြိုးစားနေရတာကို စိတ်လှုပ်ရှားကြတယ် .. ဒီ လုပ်ဆောင်မှုကို gamification လို့ခေါ်ပါတယ် ဒါကို ဆိုင်ရဲ့ loyalty program မှာအသုံးချလို့ရပါတယ်။