P I T I

ကျွန်တော်တို့ဟာ ကိုယ်လိုချင်တဲ့ ဆုလာဘ်တစ်ခုကို ရရှိဖို့နီးလာပြီဆိုရင် အားစိုက်ထုတ်မှုတွေ ပိုမိုပြင်းထန်လာပါတယ် ၊ ဒါကို Goal Gradient Effect လို့ခေါ်ပါတယ်။

၁၉၃၁ ခုနှစ်မှာ , psychologist Clark Hull ဟာ ကြွက်တွေကို ဝင်္ကပါထဲသွားခိုင်းတဲ့အခါမှာ ကြွက်တွေဟာ သူတို့အစာနဲ့နီးလာလေ ပိုပိုမြန်လာတာကိုတွေ့ရပါတယ်

The Goal Gradient effect ကို ဆိုင်ရှင်တွေအနေနဲ့ reward program မှာအသုံးချလို့ရပါတယ် .. customers တွေဟာ ကိုယ်လိုချင်တဲ့ ဆုလာဘ်ကိုမြင်နေရတယ် ၊ ပြီးတော့ရဖို့ဘယ်လောက်လိုသေးလဲဆိုတဲ့ process ကို တွေ့နေရရင် လိုချင်စိတ်နဲ့ အားစိုက်ထုတ်မှုပိုမိုပြင်းထန်လာပါတယ် ။

 

၂၀၁၆ ခုနှစ် ကGoswami နဲ့ Uminksy တို့ရဲ့ လေ့လာမှုတွေအရ customers တွေဟာ reward နဲ့ process ကို တွေ့နေရရင် ၈၄% လိုချင်စိတ်ရှိပြီး ဒီအတိုင်းဆိုရင်တော့ ၆၂% ရှိတာကိုတွေ့ရပါတယ် ။

 

 

ဒီလေ့လာမှုတွေကို အသုံးချပြီး ဆိုင်ရှင်တွေဟာ ဈေးဝယ်သူတွေကို အမြဲတမ်းဈေးဝယ်သူတွေအဖြစ်ပြောင်းလဲနိုင်မယ့် piti app ရဲ့နည်းပညာနဲ့ (join – engage – reward ) အလေ့အထကိုတည်ဆောက်လို့ရပါတယ် ။