Brand Image ဆိုတာက သင့်ဆိုင်ရဲ့ productတွေ ၊ serviceတွေနဲ့ ပတ်သတ်ပီးတော့ customerတွေရဲ့ အထင်အမြင် ယူဆချက်တွေကို ဆိုလိုခြင်း ဖြစ်ပါတယ်။ သင့်ဆိုင်ရဲ့ ကောင်းမွန်တဲ့ positive imageက သင့်ဆိုင်ရဲ့ customer အသစ်ရှာဖွေခြင်းတွေ၊ cross/up selling လုပ်ခြင်းတွေ၊ marketing အတွက် အသုံးစရိတ် လျှော့ချခြင်း တွေကိုလဲ အများကြီး ထောက်ပံ့ ကူညီပေးနိုင်ပါတယ်။ Brand imageဆိုတာ သင့်လုပ်ငန်း၊ သင့်ဆိုင်ရဲ့ တန်ဖိုးရှိသော ပိုင်ဆိုင်မှုတစ်ခုလဲ ဖြစ်ပါတယ်။ customer တွေက စျေးဝယ်ယူမှု မပြုလုပ်ခင်မှာ သူတို့လိုချင်တဲ့ အရာတွေကို ဆိုင်တစ်ဆိုင်ရဲ့ brand imageကို အရင်လေ့လာပြီးမှ ဝယ်သင့်မဝယ်သင့် ဆုံးဖြတ်ကြတာပါ။ ဥပမာအားဖြင့် သင့်ဆိုင်ရဲ့ productတွေက အရည်အသွေး ကောင်းမွန်ရဲ့လား? ၊ တကယ်လို့ online shop ဆိုရင်လဲ ငွေကြိုပေးလို့ ယုံကြည်ရရဲ့လား? အစရှိတာတွေကို သင့်ဆိုင်ရဲ့ brand imageကို ကြည့်ပြီး ဆုံးဖြတ်ပြီးမှ သင့်ဆိုင်မှာ လာရောက် ဝယ်ယူကြတာပါ။
တစ်ခုသိထားသင့်တာက Brand image နဲ့ customer Loyalty နှစ်ခုဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် အကျိုးသက်ရောက်မှု ရှိနေတာပါပဲ။ Customer Loyalty ကသင့်ဆိုင်ရဲ့ brand image ကိုကောင်းမွန်အောင် လုပ်ပေးသလို သင့်ဆိုင်ရဲ့ကောင်းမွန်တဲ့ brand imageဟာ သင့်ဆိုင်ကို customer တွေအမြဲလာဝယ်အောင်လဲ အကူအညီပေးနိုင်ပါတယ်။ သင့်ဆိုင်ရဲ့ brand image ကိုသဘောကျ ကြိုက်နှစ်သက်ပြီး သင့်ဆိုင်ရဲ့ brand imageကို ယုံကြည် စိတ်ချတဲ့ သင့်ရဲ့ loyal customer တွေဟာ customer အသစ်တွေထက် သူတို့ရဲ့ အတွေ့အကြုံတွေကို ပိုပြီး တစ်ခြားသူတွေကို မျှဝေပေးနိုင် ကြပါတယ်။ဒါဆိုရင်တော့ သင့်ဆိုင်ရဲ့ brand image ဟာလဲ တခြားသူတွေ ကြားမှာ ကောင်းမွန်တဲ့ brand တစ်ခု အနေနဲ့ ရောက်ရှိပြီး သင့်ဆိုင်ကို လာရောက် ဝယ်ယူကြမှာ အသေအချာပါပဲ။ customer တွေ အမြဲလာအားပေးနေပြီ ဆိုရင်တော့ သင့်ဆိုင်ရဲ့ customer Loyalty ဟာလဲ တိုးတက်လာမှာ အသေအချာပါပဲ။