P I T I

ကျွန်တော်တို့ Piti MCommerce အသုံးပြုနေတဲ့ ဆိုင်ရှင် တွေ အနေနဲ့ ပြောပြစရာမလိုဘဲသိနိုင်တဲ့ ပျော်ရွှင်မှုတစ်ခုကတော့ … customers တွေ MCommerce ကနေကိုယ်တိုင် checkout လုပ်ပြီး …ပထမဆုံး အမှာစာ ဝင်လာတဲ့အခါပါဘဲ ။

ါပေမဲ့ ကျွန်တော်တို့ ဒီမှာတင်ရပ်နေလို့မရပါဘူး … ဆိုင်ရှင်တွေအနေနဲ့အဓိက လုပ်ဆောင် ရမှာက first time customer ကို repeated customer အနေနဲပြောင်းလဲနိုင်ဖို့ပါဘဲ…customers တွေ ဆိုင်ကိုပြန်လာဝယ်ချင်အောင် အကြောင်းပြချက်ကောင်းတွေပေးနိုင်ဖို့တော့လိုပါတယ် ….ဒီအတွက် ကျွန်တော်တို့ ဆိုင်မှာရှိတဲ့ products တွေ services တွေထက်ကျော်ပြီး .. ဆိုင်နဲ့ စျေးဝယ်သူကြားမှာ ရေရှည် ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကိုတည်ဆောက်ဖို့လိုပါတယ် .. ကျွန်တော်တို့ဖြစ်စေချင်တဲ့ customer ဆိုတာ .. ကိုယ့်ဆိုင်ရဲ့ product တွေ service တွေကို သူတို့ကိုယ်တိုင်သုံးရတာ ကျေနပ် ပီတိဖြစ်ပြီး .. သူ့ပတ်ဝန်းကျင်နဲ့မိတ်ဆွေတွေကို ညွှန်းပေးတဲ့ customers တွေပါဘဲ ။

ဒီလို customers တွေဖြစ်ဖို့အတွက် ကျွန်တော်တို့ နေ့စဉ်လုပ်နေတဲ့ marketing strategy တွေထဲမှာ tools တွေနဲ့ ချိတ်ဆက်ပြီးလုပ်ဆောင်သွားလို့ရပါတယ်..
-ပထမဆုံး ကိုယ့် brand ကိုမသိသေးသူ ၊ ဆိုင်မှာလဲတစ်ခါမှမဝယ်ဖူးသေးသူတစ်ယောက်ကို ၊ကိိုယ့် page ကိုဝင်လာကြည့်တဲ့ visitor တစ်ယောက်ဖြစ်အောင် Facebook ads တွေနဲ့ ဆွဲဆောင်လို့ရပါတယ် ။
-ကိုယ့်ဆိုင်ကို Visitor အနေနဲ့ဝင်လာတဲ့သူတစ်ယောက်ကို ကိုယ့် ဆိုင်ရဲ့ product နဲ့ services တွေအကြောင်းကို ပုံတွေ ၊ စာတွေနဲ့ အပြင် messenger ကပါရှင်းပြပေးနိုင်အောင် စီစဉ်ရပါတယ် ။
-Visitor ကနေ ဆိုင်ရဲ့ products နဲ့ services တွေကို စိတ်ဝင်စားပြီး စျေးဝယ်တော့မယ်ဆိုရင်တော့ .. Piti MCommerce ကနေ ကြိုက်တဲ့ပစည်းကိုရွေးချယ်ပြီး ၊ ပို့ဆောင်ရမည့်လိပ်စာနဲ့ ငွေပေးချေမှုကို အလွယ်တကူ ရွေးချယ်လို့ရအောင် စီစဉ်ပေးခြင်းဖြင့် visitor တစ်ယောက်ကို ပထမဆုံး customer တစ်ယောက် အနေနဲ့ ပြောင်းလဲပေးလို့ရပါတယ် ။
-ကိုယ့်ဆိုင်မှာ စျေးဝယ်ပြီး customers ဖြစ်သွားတဲ့ သူတစ်ယောက်ကို နောက်တစ်ခါ စျေးပြန်လာဝယ်ချင်အောင် Customers တွေကို Piti App နဲ့ စျေးဝယ်တိုင်း points တွေပေးပြီး .. points တွေနဲ့ rewards တွေ လဲပေးလို့ရပါတယ်။

Related Post