P I T I
ဆိုင်ရှင်တွေအနေနဲ့ ဘာလို့ customer loyalty ကိုလုပ်သင့်တာလဲ? Customer loyalty ကနေရောဘာတွေရနိုင်မှာလဲ??

Customer အသစ်ရှာဖွေရရှိနိုင်ခြင်း နှင့် ရှိပြီးသားcustomerကိုထိန်းထားနိုင်ခြင်း Cross/ Up Selling လုပ်ရန်အခွင့်အလမ်းများရရှိခြင်း Marketing အတွက်အသုံးစရိတ်ကိုလျော့ချနိင်ခြင်း ဆိုင်ရဲ့Brand Image ကိုကောင်းမွန်အောင်ပြုလုပ်ပေးခြင်း ပြိုင်ဘက်ဆိုင်တွေ အကြား မှာ ထိပ်ဆုံးမှာ ရပ်တည် နေနိုင်ခြင်း မှန်ကန်တိကျသောFeedbackများရရှိခြင်း Customer အသစ်ရှာဖွေရရှိနိုင်ခြင်း နှင့် ရှိပြီးသားcustomerကိုထိန်းထားနိုင်ခြင်း Customerအသစ်ရှာခြင်းဟာ အရေးကြီးသလို ရှိပြီးသား customerတွေကို ထိန်းထားခြင်းဟာလဲ ဆိုင်ရဲ့အရေးပါတဲ့အလုပ်တစ်ခုပါပဲ။ Customer အသစ်ရှာခြင်းဟာ ရှိပြီးသား customer ကိုထိန်းသိမ်းတာထက် ကုန်ကျစရိတ် ၅ ဆ လောက်များပါတယ်။ ဥပမာ ကိုယ့်ဆိုင်ကို စိတ်ဝင်စားတဲ့ customerတစ်ယောက် ရဖို့အတွက် လုပ်ဆောင်ရတဲ့ marketing ကုန်ကျစရိတ်ဟာ ကိုယ့်ဆိုင်မှာ ရှိပြီးသား customerကို နောက်တစ်ကြိမ် ပြန်လာဝယ်အောင် လုပ်ရတဲ့ ကုန်ကျစရိတ်ထက် ပိုမိုကုန်ကျပါတယ်။