P I T I

Member Card
Piti app ကိုဆိုင်ရှင်အနေနဲ့စတင်အသုံးပြုတော့မယ်ဆိုတာနဲ့ ပထမဉီးဆုံး digital member card တစ်ခုကို ထည့်ရပါမယ် ၊ ဆိုင်ရဲ့ logo လေးနဲ့ ရိုးရိုး card လေးထည့်ထားလို့ရပြီးနောက်ပိုင်းမှာ designer နဲ့ ပြန်ဆွဲပြီး ပြောင်းလို့ရပါတယ်။

 Points
Point system ကို အသုံးပြုမယ်ဆိုရင် ပထမဆုံး ဆိုင်ရဲ့ point တန်ဖိုးကိုထည့်ပေးရပါတယ် ။ ၁ပွိုင့်ကိုမြန်မာငွေဘယ်လောက်နဲ့ညီမျှလဲ ဆိုတာသတ်မှတ်ပေးရပါမယ်။ အလွယ်တကူ ၁% နဲ့စလို့ရပါတယ် , ၁၀၀ကျပ် ဖိုးဝယ်တိုင်း ၁ပွိုင့်ရပါမယ် ။

 Rewards

ဆိုင်ရဲ့ ပွိုင့်တန်ဖိုးသတ်မှတ်ပြီးရင် ၊ ပွိုင်တွေနဲ့လဲလို့ရမဲ့ လက်ဆောင်တွေကို Reward ထဲ့မှာထည့်ရပါ့မယ် ။ ဉပမာ customer က ပွိုင့် ၁၀၀ စုထားပြီးရင် ဘယ်လိုလက်ဆောင်နဲ့လဲလို့ရလဲဆိုတာပြောပြထားပေးရပါမယ်၊ customers တွေဟာ စျေးဝယ်တိုင်းပွိုင့်တွေစုပြီး သူတို့လိုချင်တဲ့ လက်ဆောင်တွေရဖို့ ပွိုင့်ဘယ်လောက်လိုအပ်လဲဆိုတာ app ထဲကကြည့်နိုင်ပါတယ် ။ လက်ဆောင်တွေနဲ့ points တန်ဖိုးကို Facebook page မှာ အသိပေးခြင်းဖြင့်လဲ customers တွေကို member ဝင်ချင်စိတ်ပိုဖြစ်စေပါတယ်။

Discover
လက်ဆောင်တွေနဲ့ ပွိုင့်တွေသတ်မှတ်ပြီးပြီဆိုရင်တော့ ၊ ဆိုင်ကိုလာတဲ့ member တွေကို scan ဖတ်ပြီး member တွေစတင်လက်ခံလို့ရပါပြီ ။ ဆိုင်ရဲ့ member တွေကို online ကနေ အလွယ်တကူ join စေချင်ရင်တော့ Discover မှာရှာလို့ရအောင်ရေးထားလို့ရပါတယ် ။

Related Post